iPhone ရှိ Mail တွင် အီးမေးလ်ကို အလံတပ်မှတ်သားခြင်း သို့မဟုတ် ပိတ်ပင်ခြင်း
အရေးကြီးသော အီးမေးလ်မက်ဆေ့ချ်များကို အလံတပ်မှတ်သားခြင်း၊ အလံတပ်ထားသည့် mailboxes ကိုဖန်တီးခြင်းနှင့် VIPs မှ အီးမေးလ်များကိုအလံတပ်မှတ်သားခြင်းတို့ ပြုလုပ်နိုင်သည်။ သေချာစွာသတ်မှတ်ထားသည့် ပေးပို့သူများထံမှ မက်ဆေ့ချ်များကိုလည်း ပိတ်ဆို့နိုင်သည်။
အီးမေးလ်တစ်စောင်ကိုအလံတပ်ခြင်း
နောက်ပြန်ရှာရလွယ်ကူစေရန် အရေးကြီးအီးမေးလ်မက်ဆေ့ချ်ကို အလံသင်္ကေတတပ်ထားနိုင်သည်။ အလံတပ်ထားသော မက်ဆေ့ချ်သည် သင့် အဝင်စာတိုက်ပုံးထဲတွင် ကျန်ရှိနေပြီး Flagged စာတိုက်ပုံးထဲတွင်လည်း ပေါ်နေမည်။

သင့် iPhone ရှိ Mail အက်ပ်
ကိုသွားပါ။
အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊
အဓိကမက်ဆေ့ချ်တစ်ခုကို အလံတပ်ခြင်း၊ အဓိကမက်ဆေ့ချ်ကို ဘယ်ဘက်သို့ပွတ်ဆွဲပါ၊ ထို့နောက် Flag ကိုရွေးပါ။
Transactions၊ Updates သို့မဟုတ် Promotions ပေးပို့သူတစ်ဦးတည်းထံမှ မက်ဆေ့ချ်များအားလုံးကို ကဏ္ဍပြန်ခွဲခြင်း၊ Transactions၊ Updates သို့မဟုတ် Promotions မက်ဆေ့ချ်စာရင်းထဲရှိ မက်ဆေ့ချ်တစ်စောင်ကို ဘယ်ဘက်သို့ပွတ်ဆွဲပါ၊ ထို့နောက် Flag ကိုရွေးပါ။
Transactions ၊ Updates သို့မဟုတ် Promotions မက်ဆေ့ချ်တစ်ခုတည်းကိုနှိပ်ရန်၊ ပေးပို့သူ၏ အတိုချုပ်မြင်ကွင်းကိုဖွင့်ရန် မက်ဆေ့ချ်တစ်စောင်ကို နှိပ်ပါ၊ ထိုမက်ဆေ့ချ်၏ ဘယ်ဘက်သို့ပွတ်ဆွဲပါ၊ ထို့နောက်
ကိုနှိပ်ပါ။
အလံကိုပြောင်းလဲရန် သို့မဟုတ် ဖယ်ရှားရန် မက်ဆေ့ချ်ကိုဖွင့်ကာ
ကိုနှိပ်၍ အခြားအရောင်ကိုရွေးပါ သို့မဟုတ် Unflag ကိုနှိပ်ပါ။
မှတ်စု တူညီသည့် Apple Accountတစ်ခုတည်းသို့ ဝင်ထားသည့် သင့် Apple ပစ္စည်းများအားလုံးတွင် Mail ရှိ မက်ဆေ့ချ်ပေါ် တွင် ထိုမက်ဆေ့ချ်သို့ သင်ထည့်သွင်းထားသည့် အလံများ ပေါ်လာမည်ဖြစ်သည်။
Flagged စာတိုက်ပုံးတစ်ခုကို ဖန်တီးခြင်း
အမှတ်အသားပြုထားသည့် စာတိုက်ပုံးတစ်ခုကိုထည့်သွင်းနိုင်ပြီး သင်အမှတ်အသားပြုထားသည့် အီးမေးလ်မက်ဆေ့ချ်များကို တစ်နေရာတည်းတွင် လွယ်လင့်တကူ ဝင်ရောက်နိုင်သည်။
သင့် iPhone ရှိ Mail အက်ပ်
ကိုသွားပါ။
Mailboxes များကို တွေ့ရသည်အထိ ဘယ်ဘက်အပေါ်ထိပ်ထောင့်မှ
ကိုနှိပ်ပါ။
Edit ကိုနှိပ်ကာ Flagged ကိုရွေးချယ်ပါ။
သင်၏ VIPs မှလာသော အီးမေးလ်များကိုအလံတပ်ခြင်း
သင့် VIP စာရင်းထဲသို့ အရေးကြီးသည့်လူများထည့်သွင်းထားလျှင် VIP စာတိုက်ပုံးအတွင်း VIP အလံတစ်ဖြင့် သူတို့၏အီးမေးလ်မက်ဆေ့ချ်များပေါ်လာမည်။ တစ်ယောက်ယောက်ကို သင့်ဆက်သွယ်မှုစာရင်းထဲသို့ထည့်သွင်းခြင်း သို့မဟုတ် VIP တစ်ယောက်အဖြစ် သတ်မှတ်ခြင်းကိုကြည့်ပါ။
သေချာစွာသတ်မှတ်ထားသည့် ပေးပို့သူများထံမှ အီးမေးလ်ကို ပိတ်ဆို့ခြင်း
ပေးပို့သူတစ်ဦးကို နောက်ပိုင်းတွင် အီးမေးလ်မပို့တော့စေရန် အီးမေးလ်လိပ်စာတစ်ခုကို သင်ပိတ်ပင်နိုင်သည်။
သင့် iPhone ရှိ Mail အက်ပ်
ကိုသွားပါ။
သင် ပိတ်ဆို့လိုသည့် အီးမေးပို့သူ၏ မက်ဆေ့ချ်ကိုနှိပ်ပါ။
၎င်းတို့၏ အီးမေးလ်လိပ်စာကိုနှိပ်၍ Block this Contact ကိုရွေးပါ။