iPhone ရှိ သော့ပိတ်ထားသည့်ဖန်သားပြင်လုပ်ဆောင်ချက်များ ဖွင့်ခြင်း
iPhone သော့ပိတ်ထားသည့်အခါ အသုံးနည်းသော လုပ်ဆောင်ချက်တချို့ (အလွယ်သုံးပုံစံများ၊ မီဒီယာဖိုင်များထိန်းချုပ်ခြင်း နှင့် Control Center ကဲ့သို့) ကို သော့ပိတ်ထားသည့်ဖန်သားပြင်မှ ပြုလုပ်နိုင်သည်။
Settings
> Face ID & Passcode သို့သွားပါ (Face ID ပါရှိသော iPhone တစ်လုံးတွင်) သို့မဟုတ်Touch ID & Passcode သို့သွားပါ (Home button ပါရှိသော iPhone တစ်လုံးတွင်)။
Allow Access When Locked ၏ အောက်ရှိ ရွေးချယ်စရာများကို ဖွင့်ပါ။
သော့ပိတ်ထားသည့်အခါ သင့်iPhoneတွင် ပထမဆုံးတုံ့ပြန်သူများနှင့်အခြားသူများမြင်နိုင်သည့် Medical ID တစ်ခုအတွင်း အရေးပေါ်အဆက်အသွယ်များနှင့် ကျန်းမာရေးအချက်အလက်များကိုလည်း သင်ထောက်ပံ့ပေးနိုင်သည်။ သင့် Medical ID ကို စီမံလုပ်ဆောင်ခြင်းနှင့် ကြည့်ရှုခြင်းကိုကြည့်ပါ။
လုပ်ဆောင်ချက်တစ်ခုအတွက် ပိတ်ထားသည့်ဖန်သားပြင်မှ ကြည့်ရှုခွင့်ကို ပိတ်လိုက်သည့်အခါ ပါဝင်နေနိုင်သည့် မည်သည့်ကိုယ်ရေးကိုယ်တာအချက်အလက်များကိုမဆို (Calendar အလွယ်သုံးပုံစံအတွင်း နောက်လာမည့်အထိမ်းအမှတ်တစ်ခုကဲ့သို့) ကို သင့် iPhone ရှိနေသူတစ်စုံတစ်ယောက်မှ မကြည့်ရှုနိုင်စေရန် ကာကွယ်နိုင်သည်။ သို့သော် ထိုအချက်အလက်များကို သင်ကိုယ်တိုင်ပင် လွယ်လွယ်ကြည့်ရှုခွင့် ဆုံးရှုံးရနိုင်သည်။