ခရီးသွားခြင်းအတွက် iPhone ချိန်ညှိမှုများကိုရွေးချယ်ခြင်း
သင်သည် iPhone ဖြင့် ခရီးသွားသည့်အခါ လေကြောင်းလိုင်း၏ လိုအပ်ချက်များကို လိုက်နာရန်အတွက် ချိန်ညှိမှုများကို ရွေးချယ်နိုင်သည်။ သင်သည် လေယာဉ်စီးသည့်မုဒ်သို့ ပြောင်းထားလျှင် အချို့လေကြောင်းလိုင်းများသည် သင့် iPhone ကို ဆက်ပြီးဖွင့်ခွင့်ပေးထားသည်။ ပုံသေအားဖြင့် လေယာဉ်စီးသည့်မုဒ်ကိုဖွင့်ထားလျှင် Wi-Fi နှင့် Bluetooth® တို့ကိုသုံးစွဲမရသလို—ဖုန်းခေါ်ဆိုမှုများ မပြုလုပ်နိုင်သော်လည်း သီချင်းနားထောင်ခြင်း၊ ဂိမ်းကစားခြင်း၊ ဗီဒီယိုကြည့်ခြင်းနှင့် ကွန်ရက် သို့မဟုတ် ဖုန်းဆက်သွယ်မှုများကို မလိုအပ်သည့်အခြားအက်ပ်များကို သုံးနိုင်သည်။
သင်ခရီးသွားသည့်အခါ Cellular အခကြေးငွေကုန်ကျမှုကို အနည်းဆုံးဖြစ်စေမည့် ချိန်ညှိမှုများကို ရွေးချယ်ရန် iPhone တွင် cellular data ချိန်ညှိချက်များကို ကြည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ကို ကြည့်ပါ။
လေယာဉ်စီးသည့်မုဒ်ကို ဖွင့်ခြင်း
Control Centerကိုဖွင့်ပါ ထို့နောက် ကိုနှိပ်ပါ။

Settings တွင် လေယာဉ်စီးသည့်မုဒ်ကိုလည်း ဖွင့်နိုင်သည် သို့မဟုတ် ပိတ်နိုင်သည်။ လေယာဉ်စီးသည့်မုဒ်ကို ဖွင့်ထားသည့်အခါ
သည် အခြေအနေပြဘားတွင်ပေါ်လာသည်။
လေယာဉ်စီးသည့်မုဒ်လုပ်ထားစဉ်တွင် Wi-Fi သို့မဟုတ် Bluetooth ကိုဖွင့်ထားခြင်း
သင့်လေကြောင်းလိုင်းတွင် ၎င်းကိုခွင့်ပြုထားပါက လေယာဉ်စီးသည့်မုဒ်လုပ်ထားစဉ်တွင် Wi-Fi သို့မဟုတ် Bluetooth ကိုသုံးနိုင်သည်။
Control Centerကိုဖွင့်ပါ ထို့နောက်လေယာဉ်စီးသည့်မုဒ်ကို ဖွင့်ပါ။
Wi-Fi ကိုဖွင့်ရန်
ကိုနှိပ်ပါ သို့မဟုတ် Bluetooth ကိုဖွင့်ရန်
ကိုနှိပ်ပါ။
လေယာဉ်စီးသည့်မုဒ် လုပ်ထားစဉ်တွင် Wi-Fi သို့မဟုတ် Bluetooth ကိုဖွင့်ထားပါက သင် နောက်တစ်ကြိမ် လေယာဉ်စီးသည့်မုဒ်သို့ ပြန်ပြောင်းပါက ၎င်းသည် ပွင့်နေနိုင်သည်။ Control Center တွင်၎င်းကိုထပ်မံပိတ်နိုင်သည်။