iPhone ရှိ Health တွင် ကိုယ်တွင်းအင်္ဂါအလှူရှင်တစ်ဦးအဖြစ် မှတ်ပုံတင်သွင်းခြင်း (အမေရိကန်ပြည်ထောင်စုတွင်သာ)
Donate Life America ဖြင့် ကိုယ်တွင်းအင်္ဂါ၊ မျက်လုံး သို့မဟုတ် တစ်သျှူးအလှူရှင်အဖြစ် မှတ်ပုံတင်သွင်းနိုင်သည်။ နောက်ပိုင်းသင်၏ဆုံးဖြတ်ချက်ပြောင်းလဲသွားလျှင်သင်၏မှတ်ပုံတင်ခြင်းကို ဖယ်ရှားနိုင်ပါသည်။ သင်လှူဒါန်းမည့်ဆုံးဖြတ်ချက်သည် သင့် Medical ID ရှိ အခြားသူများလည်း သိရှိနိုင်မည်။
ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုနှင့် ပတ်သက်၍လေ့လာခြင်း
သင့် iPhone ရှိ Health အက်ပ်
ကိုသွားပါ။
ညာဘက်ထိပ်ရှိ သင့်ဓာတ်ပုံ သို့မဟုတ် နာမည်အစများကို နှိပ်ပါ။
သင်၏ဓာတ်ပုံ သို့မဟုတ် နာမည်အစများကို မတွေ့ပါက ဖန်သားပြင်အောက်ခြေရှိ Summary သို့မဟုတ် Browse ကိုနှိပ်၍ ဖန်သားပြင်ထိပ်ဆုံးသို့ ရွှေ့ဆွဲပါ။
ကိုယ်တွင်းအင်္ဂါလှူဒါန်းခြင်းနှင့် Donate Life America ခြုံငုံကြည့်ရှုရန် Learn More ကိုနှိပ်ပါ။
Donate Life America နှင့်မှတ်ပုံတင်ခြင်း
သင့် iPhone ရှိ Health အက်ပ်
ကိုသွားပါ။
ညာဘက်ထိပ်ရှိ သင့်ဓာတ်ပုံ သို့မဟုတ် နာမည်အစများကို နှိပ်ပါ။
သင်၏ဓာတ်ပုံ သို့မဟုတ် နာမည်အစများကို မတွေ့ပါက ဖန်သားပြင်အောက်ခြေရှိ Summary သို့မဟုတ် Browse ကိုနှိပ်၍ ဖန်သားပြင်ထိပ်ဆုံးသို့ ရွှေ့ဆွဲပါ။
Donate Life ဖြင့် Sign Up ကို နှိပ်ပါ။
သင့်အလှူရှင်အချက်အလက်များကို နောက်ပိုင်းတွင် ပြောင်းလဲရန် သို့မဟုတ် သင်၏မှတ်ပုံတင်ခြင်းကိုဖယ်ရှားရန် သင်၏ဓာတ်ပုံ သို့မဟုတ် အမည်အစများကို နှိပ်ပါ၊ Organ Donation ကိုနှိပ်ပါ၊ Edit Donor Registration ကိုနှိပ်ပါ။